စတိဂျော့ရဲ့နောက်ဆုံးစကား
ကျွန်တော်စီးပွားရေးလောကမှာအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်ဒါမှမဟုတ်ကျွန်တော်ဘဝဟာထင်ရှားတဲ့အောင်မြင်မှု့နမူနာပဲဖြစ်ပါတော့တယ်ဒါပေမဲ့အလုပ်လုပ်တာအပြင်ကျွန်တော်မှာပျော်ရွင်မှု့တွေသိပ်မရှိပါဘူးဘာကြောင့်လည်းဆိုတော့ချမ်းသာခြင်းသာလျှင်ကျွန်တော်ဘဝမှာရှိခဲ့တဲ့တစ်ခုတည်းသောအရာမို့ပါ ။
ကျွန်တော်ဆေးရုံမှာဖျားနာပြီးကုတင်ပေါ်မှာလှဲနေတော့ကျွန်တော့ဘဝရဲ့အတိတ်တွေကိုပြန်သတိရမိခဲ့တော့တယ် ကွန်တော်ပိုင်ဆိုင် ရရှိထားတဲ့ချမ်းသာခြင်းတွေဟာ ဘာတန်ဖိုးမှမရှိတာကို ကျွန်တော်ဘဝရဲ့ သေခါနီး အချိန်မှာတွေ့ရှိခဲ့ရပါတော့တယ်။
ကျွန်တော့်အတွေးထဲမှာ အစိမ်းရောင် အလင်းတန်း နဲ့အသက်ရှုကူစက် ကစက်သံကိုပဲကြားနေရပြီးကျွန်တော်သိနေတာ ကျွန်တော် ရဲ့နောက်ဆုံးအချိန်မှာ သေခြင်းတရား ကနီးကပ်လာနေပြီဆိုတာ ရိပ်မိနေပါတယ် ။
အဲ့ဒီအချိန်မှာကျွန်တော် တွေးနေမိတာကိုယ်က အတန်အသင့်ချမ်းသာ လာရင်တစ်ခြားအရာကို စိတ်ဝင်တစားအချိန်ပေးဖို့ သင့်လှပါတယ်
အရေးကြီးတဲ့အရာတွေဖြစ်တဲ့ ငယ်စဉ်ဘဝတုန်း က သင်ကြားချင်တဲ့ အရာဖြစ်ချင်တဲ့အရာတွေ လုပ်ဆောင်တာမျိုးတွေ။
ချမ်းသာမှု့နောက်မနားတမ်းလိုက်ပြီးမရပ်မနား နေနေတာကျွန်တော်လိုဘဝ မျိုးကို ဖြစ်စေပါလိမ့်မယ် ဘုရားရှင်ကလူသားတိုင်းရဲ့နှလုံးသားထဲကိုချစ်ခြင်းမေတ္တာတွေ ပေးအပ်ထားပြီး အချင်းချင်းငွေကြေးနဲ့ဝယ်လို့မရနိုင်ပါဘူး .။
ကျွန်တော်သေသွားရင်ကျွန်တော်ချမ်းသာခြင်းတွေ ယူသွားလို့မရနိုင်ပါဘူး အမှန်တကယ်သယ်ဆောင်သွားနိုင်မဲ့ အရာတွေကတော့ မေတ္တာနဲ့ထုံမွန်းနေတဲ့ အမှတ်ရစရာလေးတွေပါပဲအဲ့အရာတွေသာလျင်စစ်မှန်တဲ့ချမ်းသာမှု့တွေဖြစ်ပြီးကိုယ့်ကို အလင်းရောင်ပေး လမ်းပြပေးနိုင်မှာပါ ။
မေတ္တာ က ကိုယ်နဲ့မကွာ တစ်သက်တာလုံးလိုက်ပါသွားနေမှာပါ ဘာကြောင့်လည်းဆိုတော့ သူက ကိုယ့်ရဲ့နှလုံးသားထဲမှာတည်ရှိနေလို့ပါပဲ
ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ကုတင်ကတော့လူနာကုတင်ပါပဲ သင်လူတွေကိုငှားရမ်းပြီးခိုင်းစေလို့ရနိုင်ပါတယ် ကားမောင်းခိုင်းခြံရှင်းခိုင်း စသဖြင့် ခိုင်းလို့ရနိုင်ပေမဲ့ ဘယ်သူ့ကိုမှ သင့်ကိုယ်စားရောဂါ လာခံစားပေးဖို့ ငှားလို့မရနိင်ပါဘူးပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ ပြန်ရှာလို့ ရနိုင်ပေမဲ့ ဘဝရဲ့ပျောက်ဆုံးသွားတဲ့ အချိန်တွေ ကိုပြန်မရ နိုင်ပါဘူး ။
ခွဲစိတ်ခန်းထဲ ဝင်ရတော့မှ ကိုယ့်ရဲကျန်းမာရေးကိုကိုယ်ဂရုစိုက်ရမယ်ဆိုတာ တွေးမိ လာတတ်ကြတယ် ဒါပေမဲ့အမြဲတမ်းနောက်ကျပြီးမှ သိနေတတ်ကြပါတယ်
ကိုယ့်ရဲ့မိသားစု ကိုယ်ချစ်တဲ့သူ ကိုယ့်ရဲ့မိတ်ဆွေတွေကို ဂရုစိုက်လိုက်ပါ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး မိသားစုနဲ့ပတ်ဝန်းကျင်ကို အလေးထားပါ ။
လက်တွေ့စမ်းသပ်ကြည့်ပြီးပါပြီ ငွေ အချိန် ကျန်းမာရေး စတာတွေမှာ
ကျန်းမာရေးဟာအရေးအကြီးဆုံးပါ ငွေနဲ့အချိန် က ဒုတိယနဲ့ တတိယပါ
ဒါကြောင့်ကျန်းမာရေးကိုဂရုစိုက်ကြပါခင်ဗျာ.......။
Post a Comment